Skip to content
ကျွန်မအကြောင်း၊ သူတို့အမြင်။

ကိုယ့်အကြောင်း ကိုယ်ပြောတဲ့စကားတွေထက်
ကိုယ်နဲ့ ဆုံတွေ့ဖူးသူတွေရဲ့ အမြင်တွေက
ကိုယ့်ကို ပိုပြီး ပုံဖော်ပေးတတ်ပါတယ်။

44449-1
Words I Hold Close

ကိုယ်နဲ့ အတူအလုပ်လုပ်ခဲ့သူတွေ၊ မိတ်ဆွေတွေ၊ လက်တွဲခဲ့တဲ့ Client တွေရဲ့ ရိုးသားတဲ့အမြင်တွေကို ဒီနေရာမှာ စုစည်းထားပါတယ်။

အတူဖြတ်သန်းခဲ့တဲ့ ဆက်ဆံရေးတွေကို အမှတ်တရ သိမ်းထားဖို့နဲ့ သူတို့ရဲ့စကားတွေကနေ ကိုယ့်ကိုယ်ကို ပြန်မြင်ပြီး သင်ယူဖို့ပါ။

ချီးကျူးစကားတွေရော၊ ပိုကောင်းစေချင်တဲ့ အကြံပြုချက်တွေကိုပါ တန်ဖိုးထားပါတယ်။

In Their Words

Naing Lin Htun

Naing Lin Htun Teammate

အမနဲ့အလုပ်လုပ်ရတဲ့အပိုင်းမှာ ခေါင်းဆောင်မှုပိုင်း၊ Management ပိုင်း အားလုံးနီးပါးမှာ ကိုယ်တိုင်လည်း တကယ်အားကျရတယ်။

ပြီးတော့ Member တိုင်းကို သေချာ Control လုပ်နိုင်တာကိုလည်း သဘောကျတယ်။ အားလုံးက "မကျော့" လို့ပြောလိုက်တာနဲ့ လေးစားရမယ့်လူတစ်ယောက်၊ အလုပ်ကိုသေချာမလုပ်ရင် ကျုံးမယ့်သူတစ်ယောက်လို့ တစ်ညီတညွတ်တည်း လက်ခံထားကြတာပေါ့နော်။

ကျွန်တော့်တစ်ယောက်တည်းအမြင်အရဆို ကြောက်လည်းကြောက်တယ်။ ကျွန်တော်တို့ အပြင်မှာလည်း သေချာမရင်းနီးဖူးတော့ အမအကြောင်းကိုသေချာမသိတာလဲပါမှာပေါ့နော်။  

ကြောက်တာက ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိတယ်ဗျ။

တစ်ခုခုဆိုရင် "ငါဒါကြီးလုပ်ရင်မှားမှာလား၊ လုပ်မိလိုက်ပြန်ပြီလား၊ လုပ်လို့ရောဖြစ်ပါ့မလား" ဒီလိုမေးခွန်းတွေဝင်ဝင်လာပြီး တစ်ချို့ကိစ္စတွေဆိုရင် ကြောက်စိတ်နဲ့မလုပ်လိုက်မိတာမျိုးရှိတယ်။ 

ကောင်းတဲ့အပိုင်းက အထိန်းအကွပ်ရှိသွားတာပေါ့နော်။ ကိုယ်ကြောက်ရမယ့်သူရှိတော့။ တစ်ခုခုဆိုရင် အမှားများများမလုပ်မိတော့ဘူး။ စေ့စေ့စပ်စပ်တွေးတတ်လာတာပေါ့။

ဒါ ကျွန်တော့်တစ်ယောက်တည်းအမြင်ပါဗျ။

Phooo 2

Thet Shwe Sin Phoo Teammate

စိတ်ထဲရှိတာ ပြောမယ်နော် အမ.. 

အမက ညီမငယ်ငယ်တုန်းက‌ နေမကောင်းရင် အဖွားတိုက်တဲ့ ဆေးခါးကြီးတစ်ခွက်လိုပဲ။ ခါးတယ်၊ မသောက်ချင်ဘူး၊ ဒါပေမယ့် သောက်လိုက်တယ်၊ ပျောက်သွားတယ်။ အဲ့လိုပဲ တစ်ခါတလေမှာ အမရဲ့စကားတစ်ချို့က ခါးကောင်းခါးမယ်၊ လုပ်ခိုင်းတာတစ်ချို့က မလွယ်တာရှိကောင်းရှိမယ်၊ ဒါပေမယ့် အဲ့အရာတွေက ညီမအတွက် အမြဲတမ်းကောင်းတာကိုပဲ ဖြစ်စေခဲ့တယ်ပေါ့နော်။ 
ပြီးတော့ ကိုယ့်ရဲ့ Leader တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်လည်း အမကိုယုံတယ်၊ အဲ့လိုယုံအောင်လည်း စကားလုံးတွေနဲ့တင် မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ပဲ လုပ်ပြတယ်၊ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိကြတဲ့ လူအမျိုးမျိုးကို ဦးဆောင်နေတဲ့သူတစ်‌ဦးအနေနဲ့ ဘယ်သူ့ရဲ့အားသာချက်ကို ဘယ်လိုတိုးတက်အောင်လုပ်ပေးမလဲဆိုတဲ့ စိတ်က အမမှာ အမြဲရှိနေတယ်လို့ ခံစားရတယ်။ တစ်နေရာတည်းမှာ ရပ်တန့်မနေဘဲ အမြဲတမ်း‌သင်ယူချင်နေတဲ့စိတ်ဖြစ်အောင် lead လုပ်နိုင်တယ်။ ပြီး‌တော့ တစ်ခုခု လုပ်နိုင်သွားရင် Appreciate လုပ်တာထက် နောက်ထပ်တာဝန်တစ်ခုကို ပေးလိုက်တာက ညီမအတွက် "ငါ ဒါကိုလုပ်မှရမယ်၊ လုပ်နိုင်ရမယ်" ဆိုတဲ့ စိတ်ကိုဖြစ်စေပြီး ပိုကြိုးစားမိတယ်။

မကျော့လို့ ပြောလိုက်ရင် ပေါ့ပေါ့ပါးပါး စနောက်လို့ရ‌တဲ့ ကိုယ့်အမလို လူတစ်ယောက်ဖြစ်သလို အလုပ်နဲ့ပတ်သက်ရင်လည်း KK is typing ဆိုရင်ကို လန့်ရတဲ့အထိ သေချာအလေးအနက်ထား ကြောက်ရပါတယ်။

Khin Satt Han

Khin Satt Han Teammate

အစ်မနဲ့အတူ အလုပ်လုပ်ခဲ့တဲ့အချိန်တွေမှာ ခင်အတွက် အများဆုံးသင်ယူခွင့်ရခဲ့တဲ့အပိုင်းကတော့ Operation နဲ့ပတ်သက်တဲ့ Management ပိုင်းတွေပဲ ဖြစ်ပါတယ်။

အစပိုင်းမှာ ခင်က Operation ပိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ၊ Working Process တွေကို သေချာနားမလည်သေးသလို ဘယ်ကနေစပြီး ဘယ်လိုစနစ်တကျ လုပ်ဆောင်ရမလဲဆိုတာလည်း မသိခဲ့ပါဘူး။

ဒါပေမဲ့ အစ်မက Operation Coordinator ရဲ့ Job Description & Job Responsibilities (JD & JR) တွေကစပြီး လက်တွေ့လုပ်ဆောင်ရတဲ့ Working Process  အသေးစိတ်အပိုင်းတွေကို နားလည်လာအောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြသင်ကြားပေးခဲ့ပါတယ်။ အဲ့ဒီအပြင် ခင်မသိသေးတဲ့ Knowledge တွေကိုလည်း အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။

ခင်အတွက် ကိုယ်တိုင်အခက်အခဲဖြစ်နေတဲ့အပိုင်းတွေမှာ အစ်မက လမ်းညွှန်ပေးပြီး ဘယ်လိုစဉ်းစားရမလဲ၊ ဘယ်လိုစနစ်တကျ လုပ်ဆောင်ရမလဲဆိုတာကို ပိုပြီးရှင်းလင်းနားလည်လာအောင် ကူညီပေးခဲ့တာပါပဲ။

နေ့စဉ်လုပ်ဆောင်ရမယ့် To-Do List တွေ စီစဉ်တာကစပြီး Time Management နဲ့ ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေကို ဦးစားပေးအလိုက် စနစ်တကျ လုပ်ဆောင်တတ်ဖို့အထိ လက်တွေ့အသုံးချနိုင်တဲ့ အလေ့အကျင့်ကောင်းတွေကို သင်ယူခွင့်ရခဲ့ပါတယ်။

ဒီအတွေ့အကြုံကနေ ခင်နားလည်လာတာက Operation ဆိုတာ အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ရုံတင်မဟုတ်ဘဲ လုပ်ငန်းစဉ်တွေကို နားလည်ခြင်း၊ စနစ်တကျ စီမံခန့်ခွဲခြင်းနဲ့ ပြဿနာတွေကို ရှင်းလင်းတဲ့အမြင်နဲ့ ဖြေရှင်းတတ်ခြင်းကလည်း အရေးကြီးတယ်ဆိုတာပါပဲ။

ခင်အတွက်တော့ အစ်မနဲ့အတူ အလုပ်လုပ်ခွင့်ရခဲ့ခြင်းက ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာ Knowledge တွေ တိုးတက်လာစေရုံသာမက ကိုယ်တိုင်မသိသေးတဲ့အရာတွေကို သင်ယူပြီး ပိုမိုစနစ်တကျ လုပ်ဆောင်တတ်လာဖို့ အထောက်အကူပြုခဲ့တဲ့  အတွေ့အကြုံတစ်ခုလည်း ဖြစ်စေတယ်။

Nay chii 2

Nay Chi Teammate

အစ်မနဲ့ အတူ အလုပ်လုပ်ရတဲ့ အပိုင်းဆိုတာထက် အလုပ်အတူလုပ်ဖို့ အစပျိုးခဲ့တဲ့ interview နေ့ကတော့ နေခြည့် အတွက် အခုထိ တကယ်ကိုမမေ့နိုင်တဲ့နေ့ပါ။ first interview မှာ ညီမဘက်က connection (error)ကြောင့် zoom ကို ဘယ်လိုမှ joinမရနေတော့ ရတယ် ညီမလေး ဒါဆို google meetနဲ့ လုပ်မယ်ဆိုပီး google meet (link)ပို့ပေးခဲ့တယ် ဒါလည်း ညီမဘက်က errorကြောင့် မရနေတာကို တကူးတက viberကနေ (gp)ဖွဲပီး phone callနဲ့ interview ပီး အလုပ်ခန့်သွားခဲ့တာ။ အဲ့နေ့ကလို တခြား နေရာမာဆို အလုပ်လျှောက်တဲ့သူဘက်က အဆင်မပြေတာမလို့ (impression down)နိုင်တယ်ပေါ့နော်။ ဒါမယ့် အစ်မကတော့ leader ပီသစွာ စိတ်ရှည်ရှည်နဲ့ မရ ရတဲ့နည်းနဲ့ interview ပီး အလုပ်ခန့်ပေးခဲ့တဲ့အတွက် တကယ် အထူး (ကျေးဇူး)ပါ။ အဲ့နေ့က အစ်မသာ အဲ့လိုမလုပ်ပေးခဲ့ရင် ဒီနေ့ ဒီအချိန် AM မှာ မရှိနိုင်သလိူ AM ကလူတေနဲ့လည်း သိခွင့် ရမာမဟုတ်ပါဝူး။ဒီ့အတွက် စိတ်ထဲကနေကို တကယ်ကို ကျေးဇူးတင်ပါတယ် အစ်မ။

စရောက်တုန်းက junior အနေနဲ့ရောက်ခဲ့တယ် ဒါမယ့် ဘယ်အချိန်ဘဲနေနေ စကားပြောရင် respectထားပီး စကားပြောပေးခဲ့တယ် မသိတာ မတတ်တတ်တာတွေကိုလည်း ထောက်ပြခဲ့တယ်။ အဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ် အစ်မ။ မှတ်မှတ်ရရ Dr.chitကိုင်တုန်းကဆုံးမခဲ့တာလေးလည်းမှတ်မိနေဆဲပါ။ (နေခြည်က conceptပိုင်းကောင်းတယ် layoutပိုင်းလိူတာ အဲ့တာတွေလေ့လာဆိုပီး)ဆုံးမခဲ့တယ်။အဲ့လိုကြောင့် တကယ်လေ့လာခဲ့ဖြစ်တယ်။ ခုနောက်ပိုင်း အရင်ကထက် designတွေပိုကောင်းလာခဲ့တယ်။ juniorအနေနဲ့ဝင်ခဲ့ပင်မယ့် ခုချိန်မှာ တကယ်ကို growthဖြစ်ပီး mid-level (or) senior အထိကို designတေဆွဲနေနိုင်ခဲ့တယ်။ အလုပ်ကြောင်းတတွေလည်းနာလည်းခဲ့တယ် အဲ့အတွက်လည်းကျေးဇူးပါ။

လူတိုင်းမှာ ကောင်းတာနဲ့ဆိုးတာတွဲပီးရှိတာမို့ အစ်မဆီမှာလည်း Dark side ရှိမှာပါ။ ဒါမယ့် နေခြည်နဲ့ အစ်မကြားမှာ ဘယ်တုန်းကမှ ကြီးကြီးမားမား ပြသနာမရှိခဲ့တာကြောင့် အစ်မရဲ့ dark side ဆိုပီးတော့တော့ နေခြည့် အနေနဲ့ label တပ်စရာမရှိပါဝူး အစ်မ။